Myanmar Genius Member: အချစ်ကို စားသော ဟိုတယ် လိုက်ဖ် - Myanmar Genius Member

Jump to content

Welcome to Myanmar Genius Member

မင်္ဂလာပါ ခင်ဗျာ။ ကျွန်တော်တို့ Myanmar Genius Member မှ လိုက်လှဲစွာ ကြိုဆိုပါတယ်..။ Myanmar Genius Forum တွင် Register ပြုလုပ်ခြင်းဖြင့် ကျွန်တော်တို့အတူ လက်တွဲကာ ကျွန်တော်တို့ချစ်တဲ့ တိုင်းပြည်နဲ့ အနာဂတ် မျိုးဆက်သစ်လူငယ်များ အောင်မြင်တိုးတက်နိုင်ဖို့အတွက် ၀င်ရောက်ဆွေးဆွေးတိုင်ပင်မှုများ ပြုလုပ်ကြဖို့ ဖိတ်ခေါ်ပါတယ်..။ Register ပြုလုပ်ရလို့ ကုန်ဆုံးသွားမယ့် ၁ မိနစ်ခန့်အချိန် အတွက် အဆပေါင်းများစွာ ထိုက်တန်သည့် သတင်းအချက်အလက်များ၊ အသိပညာများ ရရှိစေရပါမည်ဟု ကျွန်တော်တို့ Myanmar Genius Member များမှ ယုံကြည်လေးနက်စွာ အာမခံလိုက်ပါတယ်...။


  • Start new topics and reply to others
  • Subscribe to topics and forums to get automatic updates
  • Add events to our community calendar
  • Get your own profile and make new friends
  • Customize your experience here
Guest Message © 2010 DevFuse
Page 1 of 1
  • You cannot start a new topic
  • You cannot reply to this topic
  • Bookmark

အချစ်ကို စားသော ဟိုတယ် လိုက်ဖ် Feeling

#1 User is offline   Zox (netmaze) Icon

  • MODERATORS
  • Icon
  • Group: Moderators
  • Posts: 107
  • Joined: 03-September 09

Posted 30 July 2010 - 06:53 PM

လူသည် ဘ၀၏ ၀န်ထမ်းဖြစ် ပါ၏။ ထို့အတွက်ကြောင့် အချစ်သည်လည်း Marketting Assistant ဖြစ်ပါ၏။ မိမိနှလုံးသားနှင့် ကိုက်ညီမည့် စားသုံးသူအား ရှာဖွေရပါ၏။ စိတ်ကျေနပ်စေရန် ၀န်ဆောင်မှု ပေးရပါ၏။ ဤသို့ဖြင့်ပင် ဘ၀၏ ပါတနာကို ရှာဖွေပေးရပါလေ၏။

တဖန် အချစ်သည် Chief Cook ဖြစ်ပေးရပြန်၏။ ရရှိထားသော ပါတနာအား ပင်ပန်းနွမ်းနယ်မှု မရှိစေရန် Kitchen အတွင်း တာဝန်ထမ်းဆောင်ရ၏။ ဟင်းလျာများကို စီမံခန့်ခွဲရ၏။ လှီးဖြတ်ရ၏။ ချက်ပြုတ်ရ၏။ ကံအားလျှော်စွာ ဈေးသို့သွားရ၏။ ဟင်းလျာများကို စီမံခန့်ခွဲရန်အတွက် ဖြစ်ပါ၏။

အချစ်သည် Steward ဖြစ်ပြန်လေ၏။ အဘယ့်ကြောင့် ဆိုသော် ရေစိုများသော လက်သည် ပဲကြီးခွံ ထတတ်၏။ ရေ၀ဲစားတတ်၏။ အချစ်သည် ထိုသို့ဖြစ်ခြင်းအား အားပေးခြင်း မရှိ။ မိမိနှလုံးသား နှင့် ကိုက်ညီပေးသူ (စားသုံးသူ) အား ထိုသို့သော အဖြစ်မျိုးမှ လွတ်မြောက်စေ၏။ အချစ်သည် တခါတရံလည်း ပန်းကန်ဆေးရလေ၏။ ထို့အတွက် ကြောင့်ပင် အချစ်တွင် ပဲကြီးခွံ ထလာလေ၏။

Laundry Stuff တွင် အချစ်လည်း ပါဝင်ပါ၏။ ဘ၀၏ အညစ်အကြေး များနှင့် အတူ စားသုံးသူ၏ အ၀တ်များကို ရောနှော လျှော်ဖွပ်ရ၏။ ပဲကြီးခွံ များကို ဆက်လက် မွေးမြူရ၏။ ရေဆွဲရ၏။ အ၀တ်လှန်း ရ၏။ ထိုသို့ဖြင့်ပင် ဖွေးဖြူသော အချစ်များကို ဆက်လက် တိုးပွားစေ လေ၏။

Housekeeping အလုပ်များ နှင့်လည်း အချစ်သည် ကျွမ်းဝင် ရပြန်၏။ ကြမ်းပြင်၏ ဖုန်များအား နှလုံးသားတွင် တင်နေသည့် အလား သုတ်ခါရ၏။ အိပ်မက် များ၏ လမ်းတစ်ခု (သို့) အိပ်ယာခင်း တစ်ခုတည်းအား ကျနစွာ ခင်းပေးရ၏။ ခေါင်းအုံး၊ ခြင်ထောင်၊ စောင် စီစဉ် ပေးရ၏။ နောက်တစ်နေ့ အတွက် ခရီးဆက်ကြရလေ၏။

လူသည် ဘ၀၏ ၀န်ထမ်းဖြစ်ပါ၏။ ထို့အတွက်ကြောင့် အချစ်သည် နောက်ဆုံးတွင် Receptionist ဖြစ်ရလေတော့၏။ တိုးပွားလာမည့် တဆင့်ခံ စားသုံးသူများ အား ကြိုဆိုရလေ၏။ ရှာဖွေ ရရှိလာသော ၀င်ငွေများအား စုဆောင်း၊ ထိန်းသိမ်း၊ ကြပ်မတ် ရလေ၏။ သို့သော် နောက်ဆုံးတွင် အချစ်သည် အချစ်မှ အပ လိုလားချက် ကင်းလေရာ အရာ အားလုံးအား အချစ်လက်သို့ (၀ါ) ပါတနာအရင်း ခေါက်ခေါက် လက်သို့ပင် ပေးအပ်လိုက် ရလေတော့၏။

သို့ဖြစ်ရာ အချစ်နှင့် Hotel Life သည် ဆက်နွယ်လျှက် ရှိနေတော့ လေသတည်း။
1

Page 1 of 1
  • You cannot start a new topic
  • You cannot reply to this topic
  • Bookmark

1 User(s) are reading this topic
0 members, 1 guests, 0 anonymous users