ထာဝရဘုရားသခင် သည် ခေတ်တစ်ခေတ်ရှိ ဆိုးသွမ်းကုန်သော လူတစ်စုအား တရားဓမ္မ ဟောကြားရန် အလို့ငှာ တမန်တော် တပါးအား စေလွှတ်တော်မူ၏။ ထိုလူစုသည် ဆန့်ကျင်ဖီဆန်မှု ကိုသာ လက်ကိုင်ပြု၍ ထိုတမန်တော်အား အဆုံးစွန် ဒုက္ခပေးကုန်လေ၏။ အကြင်အခါဝယ် အရှင့်တမန်တော် သည် ထိုလူစုအား ဖျက်စီးခြေမှုန်း ပစ်ရန် ဘုရားသခင်ထံ တောင်းဆုပြုလေ၏။ ထာဝရဘုရားသခင်သည် တမန်တော်၏ ဆုတောင်းကို လက်ခံတော်မူ၍ မိုးကောင်းကင် ပေါ်မှ ကြီးမားလှသော အပြစ်ဒဏ်ကို ထိုလူစုအပေါ် ချမှတ်တော် မူလေ၏။ ထိုအပြစ်ဒဏ် ဖြင့်ပင် ထိုလူဆိုးတို့သည် တစ်ယောက်မကျန် ပျက်စီးခြင်းသို့ ကျရောက်ရလေ၏။ ၄င်းနောက် အရှင့်တမန်တော်သည် အသက်မွေး ၀မ်းကျောင်း ပြုရန်အတွက် အိုးဖုတ်ခြင်း လုပ်ငန်းကို စတင်လေ၏။ ရက်အတန်ငယ် လွန်လတ်သော် လှပ၍ ရောင်းရန်သင့်သော အိုးများကို ရရှိလေ၏။ အကြင်အခါဝယ် ထာဝရ ဘုရားသခင်သည် အိုးအားလုံးအား ရိုက်ခွဲဖျက်စီးရန် ထိုတမန်တော်အား အမိန့်ပေးလေတော့၏။ ထိုအခါ အရှင့်တမန်တော်သည် (အို ဘုရားသခင်.. ကျွန်ုပ်၏ လက်ဖြင့် ကိုယ်တိုင် ပြုလုပ်အပ်သော ဤအိုးများအား အဘယ်သို့ ဖျက်စီးရက်ပါမည်နည်း) ဟု မေးမြန်းလေ၏။ ထိုအခါ ဘုရားသခင်သည် (အို ငါ၏ တမန်တော်၊ အသင့်လက်ဖြင့် ပြုလုပ်အပ်သော ထိုအိုးများအား အသင် မဖျက်စီးရက် သကဲ့သို့ ငါ၏ လက်တော်ဖြင့် တယုတယ ဖန်ဆင်းအပ်သော ထိုလူသား များအား ဖျက်စီးရန် အလို့ငှာ အဘယ်သို့ ငါသည် လုပ်ရက်ပါမည်နည်း။ သို့သော် ငါသည် သင်၏ တောင်းဆုကို လက်ခံတော် မူခဲ့ပါသည်။) ဟု ပြန်လည် ဖြေကြားတော် မူလေ၏။
ကျွန်တော်တို့သည် MMgenius ၏ Moderators(or) Users များသာ ဖြစ်ပါသည်။ ကျွန်တော်တို့သည် MMgenius ကို ချစ်ခင်ပါသည်။ သို့သော် စတင် တည်ထောင်သူသည် ကျွန်တော်တို့ထက် ပိုမို ချစ်ခင်ပါသည်။ ကျွန်တော်တို့ ထားသော သောကထက် သူသည် ပိုမိုသည်ဟု ကျွန်တော်တို့ ယုံကြည်ပါသည်။ ကျွန်တော်တို့၏ ရည်မှန်းချက်ထက် သူသည် ပိုမို အရှေ့ရောက်သည်ဟု ကျွန်တော်တို့ ယုံကြည်နေပါသည်။
Welcome to Myanmar Genius Member
![]() |
|
| Guest Message © 2010 DevFuse | |
Page 1 of 1
Still waiting about our MMG
#2
Posted 12 April 2010 - 08:27 PM
ဟုတ်တယ် အကိုရေ အားပေးတယ် ကိုဘလက်က ကျွန်တော်တို့ ထက်ပို ပူဆွေးမှာအမှန်ပဲ လက်ဖက်ကောင်းဖို့ ပလောင်တောင်တက်နှေးတာပဲ လောကနီတိမှာ တောင်ကိုဖြေးဖြေးတက်ရာ၏ ပညာကိုဖြေးဖြေးသင်ယူရာ၏တဲ့ ပြန်ကောင်းလာမဲ့တစ်နေ့ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ကြမယ် ကျွန်တော်လည်း MMgenius အတွက် မဟာဗျုဟာတစ်ခုရေးဆွဲနေတယ် အကိုရေ
Page 1 of 1
Sign In
Register
Help
Forums
Members
Help
Portal
Search

Bookmark
Del.icio.us
Digg
Email
Facebook
Google
Mixx
Reddit
StumbleUpon

Back to top
MultiQuote