Myanmar Genius Member: Fully Access ဖြင့်ရေးသောသူများ လိုက်နာရန်စည်းကမ်းများ - Myanmar Genius Member

Jump to content

Welcome to Myanmar Genius Member

မင်္ဂလာပါ ခင်ဗျာ။ ကျွန်တော်တို့ Myanmar Genius Member မှ လိုက်လှဲစွာ ကြိုဆိုပါတယ်..။ Myanmar Genius Forum တွင် Register ပြုလုပ်ခြင်းဖြင့် ကျွန်တော်တို့အတူ လက်တွဲကာ ကျွန်တော်တို့ချစ်တဲ့ တိုင်းပြည်နဲ့ အနာဂတ် မျိုးဆက်သစ်လူငယ်များ အောင်မြင်တိုးတက်နိုင်ဖို့အတွက် ၀င်ရောက်ဆွေးဆွေးတိုင်ပင်မှုများ ပြုလုပ်ကြဖို့ ဖိတ်ခေါ်ပါတယ်..။ Register ပြုလုပ်ရလို့ ကုန်ဆုံးသွားမယ့် ၁ မိနစ်ခန့်အချိန် အတွက် အဆပေါင်းများစွာ ထိုက်တန်သည့် သတင်းအချက်အလက်များ၊ အသိပညာများ ရရှိစေရပါမည်ဟု ကျွန်တော်တို့ Myanmar Genius Member များမှ ယုံကြည်လေးနက်စွာ အာမခံလိုက်ပါတယ်...။


  • Start new topics and reply to others
  • Subscribe to topics and forums to get automatic updates
  • Add events to our community calendar
  • Get your own profile and make new friends
  • Customize your experience here
Guest Message © 2010 DevFuse
  • (5 Pages) +
  • 1
  • 2
  • 3
  • 4
  • 5
  • You cannot start a new topic
  • You cannot reply to this topic
  • Bookmark

Fully Access ဖြင့်ရေးသောသူများ လိုက်နာရန်စည်းကမ်းများ

#41

  • Group: Guests

Posted 04 October 2009 - 03:47 PM

ကျွန်တော်ဆိုအရင်က co.cc နဲ့ ရေးပါတယ် mmwp ကစာတွေဖတ်ပြီးလျှောက်လုပ်ကြည့်တာပါ။ ကျွန်တော်တို့ဆီမှာ blogger နဲ့လည်းအဆင်မပြေ တခြားဟာတွေ ကလည်းစိတ်တိုင်းမကျ အခုလို မြန်မာအချင်းချင်း လုပ်ပေးတာဘယ်လောက်အဆင်ပြေလဲ ကိုဂျေကကောဘာအဆင်မပြေဖြစ်တာလဲ စိတ်မကောင်းပါဘူးဗျာ Good Bye ko J :this:
0

#42

  • Group: Guests

Posted 04 October 2009 - 04:00 PM

စည်းကမ်းချက်တွေအားလုံးကိုလည်းဖတ်ပြီးပြီ..အားလုံးကိုလည်းသဘောတူပါတယ်ဗျာ.. အခုတော့ဘယ်ကနေ စလုပ်ရမှန်းမသိသေးလို့ လိုက်ဖတ်လိုက်အုံးမယ်ဗျာ..ပြီးတော့ ကိုယ့်ဟာကို ကြိုးစားလုပ်ကြည့်လိုက်အုံးမယ်.. ကျွန်တော်က ဘာမှ သိပ်မသိသေးတဲ့သူမို့လို့ပါ.... လုပ်လို့ မရရင်တော့ မေးမယ်နော်...

ကိုဂျေက..ဘာလို့ ထွက်သွားတာလည်း မသိဘူးနော်.. ဖတ်စရာ ဘလော့တစ်ခု လျှော့သွားတာပေါ့... စိတ်တော့မကောင်းဘူးဗျာ..Good luck ko J. :good:
0

#43

  • Group: Guests

Posted 04 October 2009 - 04:15 PM

ကျွန်တော် ဒီမှာ တော်တော်များများ ရှင်းပြပေးထားပါတယ်..။ စာမျက်နှာ တစ်က စဖတ်လိုက်ရင် အဆင်ပြေသွား ပါလိ့မ်မယ်..။ ရတဲ့သူတွေလည်း ရသွားလို့ ပို့စ်တွေတောင် တင်နေကြပါပြီ..။ Good Luck :good: :good:
0

#44

  • Group: Guests

Posted 04 October 2009 - 05:09 PM

mmradar.mmgenius ပါခင်ဗျာ။ ချမှတ်ထားတဲ့စည်းကမ်းတွေကိုသဘောတူပါတယ်။ ခုလို fully access ပေးတာကိုလည်း
အများကြီးကျေးဇူးတင်ပါတယ်။ mmgenius အောင်မြင်ပါစေခင်ဗျာ။
0

#45

  • Group: Guests

Posted 04 October 2009 - 05:15 PM

ရပါတယ်ဗျာ..။ ကျွန်တော်တို့ဘက်က တကယ် ကြိုးစားတဲ့သူတွေအတွက် အပင်ပန်းခံပြီးဆောင်ရွက်ပေးဖို့ ဘယ်တုန်းကမှ ၀န်မလေးခဲ့ပါဘူး..။ :)
0

#46

  • Group: Guests

Posted 04 October 2009 - 05:39 PM

အကုန်ဖြည့်ပြီးတော့ Quickconnect လုပ်တော့ ဒီစာတွေ ပဲ ကျလာတယ်.ဆက်လုပ်လို့ရဘူး.

Status: Resolving address of myanmargenius.com
Status: Connection attempt failed with "EAI_NONAME - Neither nodename nor servname provided, or not known".
Error: Could not connect to server
Status: Waiting to retry...
Status: Resolving address of myanmargenius.com
Status: Connection attempt failed with "EAI_NONAME - Neither nodename nor servname provided, or not known".
Error: Could not connect to server

ဒီစာတွေပဲ ကျလာတယ်.... Network setting ထည့်ရသေးလား.. ဒီမှာ က. ဆာဗာက gateway နဲ့ ထားလို့လေ.. auto detect နဲ့ မဟုတ်လို့. အဲဒါကြောင့်လားလို့..
0

#47

  • Group: Guests

Posted 04 October 2009 - 06:44 PM

ဖြစ်နိုင်ခြေ (၃) ခုရှိပါတယ်..။

(၁) ထည့်လိုက်တဲ့ Username, Host, Password မှားလို့
(၂) ကော်နက်ရှင်မကောင်းလို့
(၃) Port 21 ကို ပိတ်ထားလို့ (များသောအားဖြင့် ပြည်တွင်းမှာ Port 21 ကို ပိတ်ထားပါတယ်..။ Freedom နဲ့ ကျော်ပြီးတော့မှ အဲ့ဒီ့ Port ပွင့်ပါတယ်။ ဒါပေမယ့် တစ်ချို့ကတော့ တိုက်ရိုက်ရ ပါတယ်..။

ဆိုတော့ အခု ကျွန်တော်တင်ပေးလိုက်ပါ့မယ်..။ Run တာကတော့ ကိုယ့်ဘာသာ Run ကြည့်ပေါ့..။ လုပ်တတ်သွားအောင်လို့ပါ..။ နောက်ပိုင်း Theme တွေ ဘာတွေတင်တဲ့ အခါမှာ တော့ ကိုယ်တိုင် ၀င်နိုင်ဖို့လိုပါတယ်..။ ဒါမှ တင်လို့ရမှာကိုး..။ :) :good: :good:
0

#48

  • Group: Guests

Posted 04 October 2009 - 08:40 PM

admin said:

ဖြစ်နိုင်ခြေ (၃) ခုရှိပါတယ်..။

(၁) ထည့်လိုက်တဲ့ Username, Host, Password မှားလို့
(၂) ကော်နက်ရှင်မကောင်းလို့
(၃) Port 21 ကို ပိတ်ထားလို့ (များသောအားဖြင့် ပြည်တွင်းမှာ Port 21 ကို ပိတ်ထားပါတယ်..။ Freedom နဲ့ ကျော်ပြီးတော့မှ အဲ့ဒီ့ Port ပွင့်ပါတယ်။ ဒါပေမယ့် တစ်ချို့ကတော့ တိုက်ရိုက်ရ ပါတယ်..။

ဆိုတော့ အခု ကျွန်တော်တင်ပေးလိုက်ပါ့မယ်..။ Run တာကတော့ ကိုယ့်ဘာသာ Run ကြည့်ပေါ့..။ လုပ်တတ်သွားအောင်လို့ပါ..။ နောက်ပိုင်း Theme တွေ ဘာတွေတင်တဲ့ အခါမှာ တော့ ကိုယ်တိုင် ၀င်နိုင်ဖို့လိုပါတယ်..။ ဒါမှ တင်လို့ရမှာကိုး..။ :) :good: :good:


အခုလိုပြောပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်..
(၁၁) အားလုံးပြီးဆုံးသွားပါက မိမိချထားသော Backup (xml) ဖိုင်ကို Dashboard>Tools>Import မှ တစ်ဆင့် ပြန်လည်သွင်းယူပါ..။ အားလုံးပြီးဆုံးသွားပြီ ဖြစ်ပါတယ်..။
အဲဒီအဆင့်ရောက်မှ. ခက်နေပြီဗျာ.. အကိုတို့..ကျွန်တော့် မေးထဲကို.. အရေးပေါ်ကြေငြာချက်ပို့တုန်းက ကျွန်တော်က နယ်မှာ ရောက်နေတဲ့ အတွက်.. backup လုပ်မထားလိုက်ရဘူး.. ဒီနေ့ မှ ပြန်ရောက်တာ..လို့ဗျ.....
အခု ဘယ်လိုလုပ်ရပါ့မလဲ.. ဆက်ကူညီပါအုံးဗျာ... အကုန်လုံး များသွားပြီလား နော်...အဟင့်....
0

#49

  • Group: Guests

Posted 05 October 2009 - 12:10 AM

ရပါတယ်..။ ကျွန်တော်လုပ်ပေးပါ့မယ်..။ မပူပါနဲ့ မနက်ဖြန် စသုံးလို့ရအောင် ကျွန်တော် လုပ်ပေးလိုက်ပါ့မယ်..။ :good: :good: :good:
0

#50

  • Group: Guests

Posted 05 October 2009 - 01:44 AM

ကျွန်တော့်ကိုလည်း ကူညီပါဦးနော်၊ နောက် ပြဿနာတွေကို နောက်မှ ထပ်မေးမယ်ဗျာ၊ အဟီး............... :rules: ကျွန်တော်လာရင် ပြဿနာ ပါလာတယ်လို့ မှတ်၊ :banghead: :banghead: :banghead: အဲလိုတော့ မလုပ်လိုက်ပါနဲ့။
0

#51 Guest__*

  • Group: Guests

Posted 05 October 2009 - 10:13 AM

စည်းကမ်းချက်တွေကို သဘောတူပါတယ်ဗျ
ကွန်နက်ရှင်ကြောင့်အွန်လိုင်းပေါ်လည်းမရောက်ဖြစ်တာကြာနေတော့
အခုမှမေးလ်တွေ့လို့အသဲအသန်ပြေးလာပြီး Replyလုပ်ကြောင်းပါ။
အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။
:yahoo:
0

#52

  • Group: Guests

Posted 05 October 2009 - 11:02 AM

ညီရေ တစ်ခု ကူညီပါ
အကို့ ဘလောက်ကို back up မလုပ်ထားလိုက်ရဘူး
ခေါ်လို့လဲ မရတော့ ဘူးကွ။
ဘယ်လိုလုပ်ရမလဲ
0

#53

  • Group: Guests

Posted 05 October 2009 - 11:20 AM

admin said:

ရပါတယ်..။ ကျွန်တော်လုပ်ပေးပါ့မယ်..။ မပူပါနဲ့ မနက်ဖြန် စသုံးလို့ရအောင် ကျွန်တော် လုပ်ပေးလိုက်ပါ့မယ်..။ :good: :good: :good:


ဟုတ်ကဲ့ ကျေးဇူး တင်ပါတယ် ဗျာ.. ကျွန်တော်လည်း တက်နိုင်သလောက်ကြိုးစားပြီးဆက်လုပ်ကြည့်ပါမယ်..
0

#54

  • Group: Guests

Posted 05 October 2009 - 11:23 AM

ညီရေ ရုံးအပြောင်းအလဲ နဲ့ စက် အပြောင်းအလဲ တွေ ၇ှိနေလို့ ဖြည်းဖြည်းမှလုပ်မယ်နော်။ ဖြစ်တယ်ဟုတ် ? ။ ဒီကြားထဲ တော့ အကို့ ဘလောက်လေး ကို back up လေးရရင်လုပ်ပေးထားစေချင်တယ်။ ကူညီပါနော်။
0

#55

  • Group: Guests

Posted 05 October 2009 - 12:31 PM

အားလုံးအတွက် ကျေးဇူးတင်ပါတယ် အစ်ကိုရေ။ ကျွန်တော်ပထမ တင်တုန်းက ဖိုင်တွေအကုန်မတက်လို့ အဲရာပြတယ်။ ဒုတိယ အခေါက် overwrite နဲ့ ပြန်ကြိုးစားကြည့်တော့ အဆင်ပြေသွားတယ် အစ်ကို။ ကျွန်တော့် Theme ပါတင်ပြီးသွားပြီ။ အခုတော့ ဗိုက်ဆာလို့ ပြန်လိုက်ဦးမယ်။ Widget တွေကိုတော့ နောက်မှ ထည့်တော့မယ်။ နှင်းတွေဘာတွေလည်း ကျရဦးမယ်လေ။ Filezilla ရယ်၊ Myanmar connection ရယ်၊ ကျွန်တော်ရယ် တိုက်တဲ့ တိုက်ပွဲမှာ နောက်ဆုံး ကျွန်တော်နိုင်သွားတယ် အစ်ကိုရေ။ အဟေးဟေး။
0

#56

  • Group: Guests

Posted 05 October 2009 - 02:29 PM

အစ်ကိုရေ အားလုံးအဆင်ပြေပါတယ် About me sidebar.php) မှာ ဘယ်လိုပုံတင်လိုရမလဲ ဗျ siderbar php မှာသွားပြင်တာပဲ ဘယ်မှာ photo link ထားရမယ်ဆိုတာမသိဘူးဗျ ဒါလေးပြောပြပါအုံးနော် နောက် ကျွန်တော်ဘလော့မှာ ဘာတွေလိုအပ်တယ်ဆိုတာလေးကော အကြံပေးပါအုံးနော် ကျေးဇူးတင်ပါတယ် အတ်မင်းကြီးကိုဘလက်ရယ် :hello:
0

#57

  • Group: Guests

Posted 05 October 2009 - 04:09 PM

:shock:
Admin !!!
ကယ်တော်မူပါ.. back up xml ဖိုင် မရှိထားဘူး..အားရပါးရ install တက်လုပ်ပီး ကြည့်လိုက်တော့ ဘလော့အဟောင်းလေးက ရှိတော့ဘူးး.. :banghead: :banghead: ပြန်ယူလို့ရသေးလား လုပ်ကြပါဦး..အိ.. :(

0

#58

  • Group: Guests

Posted 05 October 2009 - 04:59 PM

စည်းကမ်းချက်တွေအကုန်လိုက်နာပါမည်ဖြစ်ကြောင်း...
အခုမှ စလုပ်ဖူးတော့ ဘာမှတော့မလုပ်တတ်ဘူး
မသိတာရှိရင်တော့ နည်းနည်းမေးမယ်နော်...
ကျေးဇူးတင်ပါတယ်....
0

#59

  • Group: Guests

Posted 05 October 2009 - 05:05 PM

ora said:

:shock:
Admin !!!
ကယ်တော်မူပါ.. back up xml ဖိုင် မရှိထားဘူး..အားရပါးရ install တက်လုပ်ပီး ကြည့်လိုက်တော့ ဘလော့အဟောင်းလေးက ရှိတော့ဘူးး.. :banghead: :banghead: ပြန်ယူလို့ရသေးလား လုပ်ကြပါဦး..အိ.. :(


ကျွန်တော်လည်း အတူတူပါပဲဗျာ.. အဲဒီအဆင့်ရောက်မှ ခက်နေတာ.. Admin ကြီးကတော့. သူလုပ်ပေးမယ်လို့တော့ ပြောထားတယ်.. အခု သူ မအားသေးလို့နဲ့တူတယ်..အက်ဒ်မင်ကြီး.. အွန်လိုင်းမှာ ကို ဒီနေ့ မတွေ့သေးဘူးဗျ.... အက်ဒ် မင်ကြီးကိုလည်း ကျေးဇူး အရမ်းတင်ပါတယ်.ဗျာ.. ကျွန်တော်တို့ ကို Fully Access ပေးလိုက်မှ..သူလည်း တော်တော် အလုပ်ရှုပ်သွားတယ်..နော်..
0

#60

  • Group: Guests

Posted 06 October 2009 - 11:34 AM

admin said:

(၁) filezilla client software ကို download ချပါ။
(၂) wordpress.org ကနေပြီး နောက်ဆုံး wordpress version (2.8.4) ကို Download ချပါ။
(၃) ftp username, password, host, port ကိုရိုက်ထည့်ပြီး Connect လုပ်ပါ။
(၄) ထို့နောက် Zip ဖြေထားသော wordpress အထုပ်ထဲမှ ဖိုင်နှင့် ဖိုဒါအားလုံးကို root ထဲသို့ အကုန်တင်ပါ။
(၅) wordpress ဆိုတဲ့ ဖိုဒါကြီးကို မတင်ရပါ..။ အဲ့ဒီ့အထဲက ဖိုင်နဲ့ ဖိုဒါတွေကိုတင်ရပါမယ်..။
(၆) တင်ပြီးပါက Browser မှာ မိမိ ဒိုမိန်းကိုရိုက်ထည့်လိုက်ပါ..။
(၇) Create Configuration ကို နှိပ်ပါ။
(၈) လိုအပ်သည့် အချက်အလက်များကို ဖြည့်ပါ။
(၉) Database ဖြည့်ခိုင်းသောအခါတွင် ကျွန်တော်တို့ပေးထားသော Database Name, Database User Name, Database Host , Database Password တို့ကို ရိုက်ထည့်ပါ။
(၁၀) အားလုံးပြီးသွားပါပြီ..။ Run စဉ်က ထည့်ခဲ့သော Email သို့ Account Password နှင့် Username ကို wordpress က အလိုလိုပို့ပေးပါ့လိမ့်မယ်..။ နောင်တွင် မိမိစိတ်ကြိုက် Password ပြန်ပြောင်းနိုင်ပါသည်။
(၁၁) အားလုံးပြီးဆုံးသွားပါက မိမိချထားသော Backup (xml) ဖိုင်ကို Dashboard>Tools>Import မှ တစ်ဆင့် ပြန်လည်သွင်းယူပါ..။ အားလုံးပြီးဆုံးသွားပြီ ဖြစ်ပါတယ်..။

Theme ထည့်ချင်ပါက wp-content/theme/ ထဲကို ftp မှ တစ်ဆင့်ထည့်သွင်းအသုံးပြုနိုင်ပါသည်။


လည်ထွက်နေတယ် အစ်ကိုရေ့.. ဒေါင်းလိုက် ပြတ်သွားလိုက်.. ဟိုဟာရှာလိုက် ကွန်ကျလိုက်.. ခုထိတော့မရသေးဘူး.. :dizzy:
0

  • (5 Pages) +
  • 1
  • 2
  • 3
  • 4
  • 5
  • You cannot start a new topic
  • You cannot reply to this topic
  • Bookmark

1 User(s) are reading this topic
0 members, 1 guests, 0 anonymous users