Myanmar Genius Member: Fully Access ဖြင့်ရေးသောသူများ လိုက်နာရန်စည်းကမ်းများ - Myanmar Genius Member

Jump to content

Welcome to Myanmar Genius Member

မင်္ဂလာပါ ခင်ဗျာ။ ကျွန်တော်တို့ Myanmar Genius Member မှ လိုက်လှဲစွာ ကြိုဆိုပါတယ်..။ Myanmar Genius Forum တွင် Register ပြုလုပ်ခြင်းဖြင့် ကျွန်တော်တို့အတူ လက်တွဲကာ ကျွန်တော်တို့ချစ်တဲ့ တိုင်းပြည်နဲ့ အနာဂတ် မျိုးဆက်သစ်လူငယ်များ အောင်မြင်တိုးတက်နိုင်ဖို့အတွက် ၀င်ရောက်ဆွေးဆွေးတိုင်ပင်မှုများ ပြုလုပ်ကြဖို့ ဖိတ်ခေါ်ပါတယ်..။ Register ပြုလုပ်ရလို့ ကုန်ဆုံးသွားမယ့် ၁ မိနစ်ခန့်အချိန် အတွက် အဆပေါင်းများစွာ ထိုက်တန်သည့် သတင်းအချက်အလက်များ၊ အသိပညာများ ရရှိစေရပါမည်ဟု ကျွန်တော်တို့ Myanmar Genius Member များမှ ယုံကြည်လေးနက်စွာ အာမခံလိုက်ပါတယ်...။


  • Start new topics and reply to others
  • Subscribe to topics and forums to get automatic updates
  • Add events to our community calendar
  • Get your own profile and make new friends
  • Customize your experience here
Guest Message © 2010 DevFuse
  • (5 Pages) +
  • 1
  • 2
  • 3
  • Last »
  • You cannot start a new topic
  • You cannot reply to this topic
  • Bookmark

Fully Access ဖြင့်ရေးသောသူများ လိုက်နာရန်စည်းကမ်းများ

#1

  • Group: Guests

Posted 02 October 2009 - 06:23 PM

Fully Access ဖြင့်ရေးသောသူများသည် အောက်ပါ စည်းကမ်းများအား တိကျစွာလိုက်နာရမည်။

(၁) နိုင်ငံရေး (သို့မဟုတ်) တည်ဆဲ အစိုးရ၊ တည်ဆဲ ဥပဒေနှင့် ငြိစွန်းစေနိုင်သော အရေးအသား၊ ဖော်ပြမှုတို့အား တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း မည်သည့်နည်းမျှ မရေးသားရ၊ မဖော်ပြရ။
(၂) Blog အား စတင် အသုံးပြု (Run) သည်မှအစ ဖြစ်ပေါ်လာသော Error များ၊ ပြဿနာများအား မိမိကိုယ်တိုင်သာ ဖြေရှင်းဆောင်ရွက်ရမည်။
(၃) မိမိတို့၏ Blog များတွင် Blogroll အနေဖြင့် ဖြစ်စေ၊ ကြော်ငြာအနေဖြင့် ဖြစ်စေ Myanmar Genius Forum Link နှင့် MMGenius Blog Service Link အား ကျွန်တော်တို့အပေါ် ပြန်လည်ကူညီသည့် အနေဖြင့် ထည့်သွင်းဖော်ပြပေးရပါမည်။
(၄) Main Domain (http://yourdomain.com) အား Wordpress မှလွဲ၍ မည်သည့် CMS မှာ တင်ယူအသုံးပြုခြင်းမပြုရ။
(၅) Fully Access ဖြင့်ရေးသားနေသောသူများအနေဖြင့် အသုံးပြုလိုပါက မိမိ၏ ဒိုမိန်းနောက်တွင် (/) ခံကာ ( ဥပမာ - http://yourdomain.mm...s.com/directory) စသည်ဖြင့် Extension Site များအား မည်သည့် CMS နှင့်မဆို မိမိစိတ်ကြိုက် ထည့်သွင်းခွင့်၊ အသုံးပြုခွင့်ရှိသည်။
(၆) နားမလည်သည်များရှိပါက လွတ်လပ်စွာ မေးမြန်းနိုင်သော်လည်း ရပိုင်ခွင့်တစ်ခုအနေဖြင့် ဆောင်ရွက်ခိုင်းခြင်းမပြုရ။ ပြုလုပ်ပေးမည် မဟုတ်။ (လူမှုရေးအရ အခြေအနေပေးပါကဆောင်ရွက် ပေးမည်။)
(၇) Database နှင့် သက်ဆိုင်သော ဆိုးရွားသည့် Error များပေါ်ပေါက်ခဲ့လျှင်မူ MMGenius Blog Service မှ တာဝန်ယူဖြေရှင်းပေးမည်။
(၈) Databasse နှင့် သက်ဆိုင်သော Error များအား အများဆုံး (၃) အခါအထိသာ ပြင်ဆင်ပေးမည် ဖြစ်ပြီး ထပ်မံဖြစ်ပေါ်လာပါက တာဝန်ယူဆောင်ရွက်ပေးမည် မဟုတ်။
(၉) (၃) လ နှင့်အထက် မရေးသော Blog များအား MMGenius Blog Service မှ Warning (၃) ခါပေးမည် ဖြစ်ပြီး။ တစ်လအတွင်း ပြန်လည်မရေးသားပါက ဖျက်သိမ်းခံရမည်။
(၁၀) (၆) လ နှင့်အထက် မရေးသော သူများ တိုက်ရိုက် ဖျက်သိမ်းခြင်း ခံရမည်။
(၁၁) အထက်ပါ စည်းကမ်းချက်များနှင့် မကိုက်ညီသော (သို့မဟုတ်) မလိုက်နာသော Blog များအားတွေ့ရှိပါက သတိပေးခြင်း (သို့မဟုတ်) လိုအပ်ပါက တိုက်ရိုက်ဖျက်သိမ်းခြင်း ခံရမည်။

0

#2

  • Group: Guests

Posted 02 October 2009 - 07:06 PM

ကျွန်တော် စည်းကမ်းချက်တွေ ဘာကြောင့်ထုတ်ရတယ်ဆိုတာ အလွတ်သဘော နဲနဲပြောချင်ပါတယ်..။ နိုင်ငံရေး နဲ့ သက်ဆိုင်တဲ့ စည်းကမ်းချက်တွေထုတ်ရခြင်းက..။ တကယ်လို့များ ကျွန်တော်တို့ဆီမှာရေးသားတဲ့ Blog တွေ မှာ နိုင်ငံရေးနဲ့ ငြိစွန်းတဲ့ ဘလော့တွေပါလာပါက ဒိုမိန်း အဘမ်းခံရပါလိ့မ်မယ်..။ အဲ့ဒီ့အခါကြရင် ကျော်စရာ၊ ခွစရာ မလိုလို့ ပျော်ရွှင်ပြီး လွတ်လွတ်လပ်လပ် အေးအေးဆေးဆေးရေးနေတဲ့ အများသူငါ ထိခိုက်မှာ ကို မလိုလားတဲ့ အတွက်ကြောင့်ပါ..။

ဖိုရမ်ရဲ့ လင့်နဲ့ mmgenius ရဲ့လင့်ကို ထည့်ခိုင်းရခြင်းက ကျွန်တော်တို့ရဲ့ site တွေ Page Rank တက်ချင်လို့ ပါ..။ Page Rank တက်လာပါက SEO ကောင်းလာမှာဖြစ်ပြီး..။ အများအတွက်ပိုပြီးအကျိုးရှိလာနိုင်လို့ပါ။

မိမိပြဿနာ (error) ရှင်းရမယ်ဆိုတာက ကျွန်တော်တို့ဟာ ၀ါသနာပါလို့..။ ဖြစ်စေချင်တဲ့ ဆန္ဒတွေရှိလို့..။ ကိုယ့်ရဲ့မရှိမဲ့ ရှိမဲ့ အချိန်လေးတွေ၊ မုန့်ဖိုးလေးတွေထဲကနေ အများအဆင်ပြေအောင်လုပ်ပေး နေတဲ့ သာမန် ကျောင်းသားတွေဖြစ်ပါတယ်..။ ဒါကို အချို့က ကျွန်တော်တို့ကို Service လို့ ခေါင်းစဉ်တပ်ထားရင် ခိုင်းတာ လုပ်ပေးရမယ်ဆိုတဲ့ မဖြစ်မနေ ရရမယ့် ရပိုင်ခွင့်ပုံစံတွေနဲ့ လာလာဆက်ဆံကြပါတယ်..။ ကျွန်တော်တို့ကို အဲ့လိုဆက်ဆံရအောင် ကျွန်တော်တို့သည် မည်သည့် အခကြေးငွေ ၀န်ဆောင်မှုကိုမှ ရယူ ဆောင်ရွက်ပေး နေခြင်းမဟုတ်ပဲ..။ စေတနာ၊ ၀ါသနာ သက်သက်ဖြင့် ဆောင်ရွက်နေခြင်းအပေါ် အကြိမ်များစွာ ထပ်မံ အစော်ကား မခံလို၍ ဖြစ်ပါတယ်..။

ကျွန်တော်တို့အနေနဲ့ကလည်း ဘယ်သူ့ကိုမှ ပြစ်မထားပါဘူး..။ တကယ်လို့ ကျွန်တော်တို့အားတယ်၊ အဆင်ပြေတယ်ဆိုရင် ကျွန်တော်တို့ အတတ်နိုင်ဆုံး အမြဲတမ်းကူညီသွားမှာ ဖြစ်ပါတယ်..။ ဒါကို အားလုံးလဲ သိပြီးသားပါ...။

နောက်ဆုံးတစ်ခုအနေဖြင့် အချိန်ကာလသတ်မှတ်ရခြင်းကို ကျွန်တော်ရှင်းပြချင်ပါတယ်..။ ကျွန်တော်တို့ လွတ်လပ်ခွင့်ကို ချုပ်ကိုင်ထားတာ မဟုတ်ပါဘူး..။ အခုဆိုရင်ပဲ ကျွန်တော့် Control Panel ထဲမှာ ဒိုမိန်းတွေ ဆပ်ဒိုမိန်းတွေ အခု ၅၀၊ ၁၀၀ လောက် ရှိနေပါပြီ..။ နောက်လည်း ထပ်များလာဦးမှာပါ..။ ဒီအခါမှာ မရေး တော့တဲ့ ဘလော့တွေ၊ ဆိုဒ်တွေနဲ့ အားလုံးရှုပ်ရှက်ခတ်ကုန်ပါလိ့မ်မယ်..။ အခြားသူတွေ အတွက်လည်းနစ် နာပါတယ်..။ ဒါကြောင့် ကျွန်တော်သတ်မှတ်ရတာပါ..။ သတ်မှတ်ပေးထားတဲ့ အချိန်ကာလကလည်း ဘယ်လိုနည်းနဲ့မှ မနည်းဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်..။

အားလုံး စည်းကမ်းချက်တွေ ဖတ်ပြီးပြီ..။ နားလည်ပြီဆိုရင်တော့ ဘလော့တွေ (မိမိကိုယ်ပိုင်အကောင့်များ ဖြစ်သွားပြီ ဖြစ်တဲ့အတွက်..။ ကိုယ်တိုင်) စ Run လို့ရပါပြီ...။

(၁) filezilla client software ကို download ချပါ။
(၂) wordpress.org ကနေပြီး နောက်ဆုံး wordpress version (2.8.4) ကို Download ချပါ။
(၃) ftp username, password, host, port ကိုရိုက်ထည့်ပြီး Connect လုပ်ပါ။
(၄) ထို့နောက် Zip ဖြေထားသော wordpress အထုပ်ထဲမှ ဖိုင်နှင့် ဖိုဒါအားလုံးကို root ထဲသို့ အကုန်တင်ပါ။
(၅) wordpress ဆိုတဲ့ ဖိုဒါကြီးကို မတင်ရပါ..။ အဲ့ဒီ့အထဲက ဖိုင်နဲ့ ဖိုဒါတွေကိုတင်ရပါမယ်..။
(၆) တင်ပြီးပါက Browser မှာ မိမိ ဒိုမိန်းကိုရိုက်ထည့်လိုက်ပါ..။
(၇) Create Configuration ကို နှိပ်ပါ။
(၈) လိုအပ်သည့် အချက်အလက်များကို ဖြည့်ပါ။
(၉) Database ဖြည့်ခိုင်းသောအခါတွင် ကျွန်တော်တို့ပေးထားသော Database Name, Database User Name, Database Host , Database Password တို့ကို ရိုက်ထည့်ပါ။
(၁၀) အားလုံးပြီးသွားပါပြီ..။ Run စဉ်က ထည့်ခဲ့သော Email သို့ Account Password နှင့် Username ကို wordpress က အလိုလိုပို့ပေးပါ့လိမ့်မယ်..။ နောင်တွင် မိမိစိတ်ကြိုက် Password ပြန်ပြောင်းနိုင်ပါသည်။
(၁၁) အားလုံးပြီးဆုံးသွားပါက မိမိချထားသော Backup (xml) ဖိုင်ကို Dashboard>Tools>Import မှ တစ်ဆင့် ပြန်လည်သွင်းယူပါ..။ အားလုံးပြီးဆုံးသွားပြီ ဖြစ်ပါတယ်..။

Theme ထည့်ချင်ပါက wp-content/theme/ ထဲကို ftp မှ တစ်ဆင့်ထည့်သွင်းအသုံးပြုနိုင်ပါသည်။
0

#3

  • Group: Guests

Posted 02 October 2009 - 07:38 PM

ဆိုင်လားမဆိုင်လားတော့မသိ. ခုမှနေ့အိပ်မက် ဒေါင်းပြီးသုံးတတ်တော့တယ်.. ကျေးဇူးအခါတစ်ရာတင်ပါတယ်..... တကယ်ပြောတာ.. :thumbsup: ဘလော့မှာ myanmargeniusကြော်ငြာတစ်ပုဒ်ရှယ် ရေးပေးမယ်.. :grin:
0

#4

  • Group: Guests

Posted 02 October 2009 - 07:48 PM

Status: Resolving address of myanmargenius.com
Status: Connecting to 66.96.133.6:21...
Status: Connection established, waiting for welcome message...
Response: 220-
Response: 220 Dot5Hosting FTP Server ready
Command: USER mydaydream
Response: 331 Password required for mydaydream
Command: PASS ***********
Response: 530 Login incorrect.
Error: Critical error
Error: Could not connect to server
Status: Resolving address of myanmargenius.com
Status: Connecting to 66.96.133.6:21...
Status: Connection established, waiting for welcome message...
Error: Could not connect to server
Status: Waiting to retry...
Status: Resolving address of myanmargenius.com
Status: Connecting to 66.96.133.6:21...
Status: Connection established, waiting for welcome message...
Response: 220-
Response: 220 Dot5Hosting FTP Server ready
Command: USER mydaydream
Response: 331 Password required for mydaydream
Command: PASS ***********
Response: 530 Login incorrect.
Error: Critical error
Error: Could not connect to server

အဲဒါ ဘာဖြစ်တာလဲမသိ... :help:
0

#5

  • Group: Guests

Posted 02 October 2009 - 07:54 PM

rootထဲကိုဘယ်လိုတင်ရတာလဲဟင်.... fileaတွေzipဖြေတဲ့အထိပြီးသွားပြီ rootထဲကိုမတင်တတ်လို့.. အားမှဖြေပေးပါနော.်....
0

#6

  • Group: Guests

Posted 02 October 2009 - 08:30 PM

အက်ဒမင်ခင်ဗျား............
အင်း ကျွန်တော်တော့ မလုပ်တတ်ဘူးဗျ၊ လျှောက်တော့လုပ်ကြည့် ရမှာပဲ ၊ အထက်က စည်းကမ်းချက်တွေကို သဘောတူပါတယ် ခင်ဗျာ၊
ကဲ စလုပ်ကြည့်မယ်နော်။
0

#7

  • Group: Guests

Posted 02 October 2009 - 08:36 PM

နေ့အိပ်မက်..။ ဘာလုပ်လိုက်လို့ အဲ့ဒါတွေပေါ်လာတယ်ဆိုတာ တစ်ချက်ပြောပြပါ..။ ညီမ ဘလော့က ရမ်းပြီးသားပဲ အပေါ်မှာပြောထားတဲ့ ဟာတွေ ထဲက လုပ်ချင်တယ်ဆိုရင် Theme တင်တာတစ်ခုပဲ လိုအပ်ပါလိ့မ်မယ်..။ ကျန်တာတွေ တစ်ခုမှ မလိုအပ်ပါဘူး..။

ညီမင်းခ ရေ ချသာချဗျာ..။ နားမလည်တာတွေရှိလည်း ပွင့်ပွင့်လင်းလင်းမေးပါ..။ ကျွန်တော်တို့ အမြန်ဆုံး ပြန်ဖြေကြားပေးပါ့မယ်..။
0

#8

  • Group: Guests

Posted 02 October 2009 - 08:43 PM

run ပြီးသားဆိုတာ ဘာကိုပြောတာလဲဟင်. နေ့အိပ်မက်က filezillaကိုခုမှဒေါင်းထားတာ.. အဲဒါပြောတဲ့အဆင့်တွေအတိုင်း connectလုပ်လိုက်လို့ပေါ်လာတဲ့စာတွေလေ.. portတို့usernameတို့pwdတို့နဲ့လုပ်လိုက်တာလေ.. :blink: . themeပြောင်းချင်ရင် ဘယ်ကစရမလဲဆိုတာ တစ်ဆင့်စီလေး.. လုပ်ပေးပါဦး.. :dizzy: တကယ်ရေးပေးမှာပါ.. :good:
0

#9

  • Group: Guests

Posted 02 October 2009 - 09:19 PM

ညီမကို Fully Access Account ပေးတုန်းက PM ပို့ပေးထားတာ ရှိပါတယ်..။ အဲ့ဒီ့မှာ FTP Username, Ftp password, port နဲ့ host ဆိုပြီး အချက်အလက်တွေပေးထားပါတယ်..။ အဲ့ဒီ့ပေးထားတဲ့အချက်အလက်တွေ ဖြည့်ပြီး ရင် quick connect ဆိုတာကို နှိပ်လိုက်ပါ..။

ပြီးရင် ညာဘက်အခြမ်းမှာရှိတဲ့ wp-content ဆိုတာကို နှိပ်လိုက်ပါ..။ အဲ့ဒီ့အထဲမှာ theme ဆိုတဲ့ folder ပါပါ တယ်..။ အဲ့ဒီ့ ဖိုဒါထဲကို ညီမ Download ချထားတဲ့ Theme ကို zip ဖြေပြီး အဲ့ဒီ့အထုပ်လိုက်အတိုင်း တင်လိုက်ပါ..။ (Right Click>> Upload)

အဆင်မပြေရင် ထပ်မေးပါ..။ အခု အစ်ကို့ဆီမှာ ကော်နက်ရှင်ဆိုးနေလို့ ညကြရင် Print Screen တွေ ရိုက်ပြီး သေသေချာချာ ထပ်ရှင်းပြပေးပါ့မယ်..။
0

#10

  • Group: Guests

Posted 02 October 2009 - 09:34 PM

Posted Image

Port : 21
0

#11

  • Group: Guests

Posted 02 October 2009 - 09:55 PM

admin ကြီး မနောက်နဲ့နော်... :swoon: အဲဒီဟာတွေထည့်လိုက်လို့ အပေါ်ကစာတွေထွက်လာတာလေ
ညာဘက်ခြမ်းက wpcontentဆိုတာတော့ ရှာမတွေ့.. ကွန်မကောင်းရင်လည်း အေးဆေးလုပ်ပါ.. :grin: နေ့အိပ်မက်က အမြန်မလိုပါဘူး.. အသစ်တွေ့လို့ အားရပါးရကောက်စမ်းနေတာ. :grin:


Posted Image

ဒီဟာက နေ့အိပ်မက်အဲဒီဟာတွေထည့်လိုက်တဲ့အချိန်မှာဖြစ်သွားတဲ့ဟာ..

:) ကျေးဇူးအထူး.....
0

#12

  • Group: Guests

Posted 02 October 2009 - 10:05 PM

တူပါတယ်ဂျ.သားသားလေးလုပ်ကြည့်မယ်နော်။ မရရင် ဦးဦး အက်ဒမင်တို့ လုပ်ပေးနော်။
0

#13

  • Group: Guests

Posted 02 October 2009 - 10:20 PM

လားလား..။ ကြီးဒေါ်..။ ခင်ဗျား အနားမှာရှိရင် နားရွက်ပဲ ဆွဲအလိမ်ခံရမလား..။ အထုပဲ ခံရမလားတော့ မသိဘူး..။ ကိုယ့်ဘာသာသေချာပြန်ကြည့်ဦး..။ Host မှာ myanmargenius ပဲ ရေးထားတယ်..။ အနောက်က .com ကျန်နေတယ်...။ အစ်ကိုပြောတာ www. မထည့်ရဘူးပဲ ပြောတာ..။ အနောက်က .com မထည့်ရဘူးလို့ မပါဘူးလေ..။ :banghead: :banghead: :banghead: :mad: :mad: :mad:
0

#14

  • Group: Guests

Posted 02 October 2009 - 11:00 PM

:banghead: :banghead: :banghead: :banghead: :banghead: :write: :write: :write: :write: :write: :cray: :cray: :cray: :cray: :cray: :cray: :cray:

ရှောတီး ရှောတီး.. :fright: :fright: :fright:
0

#15

  • Group: Guests

Posted 02 October 2009 - 11:07 PM

port နေရာမှာ ဘာထည့်ရမှာလဲ အက်ဒမင် ခင်ဗျာ
အန်တီ နေ့အိပ်မက် ခင်ဗျားလည်း ပြောပြဗျာ
ဒီမှာ လုပ်ရတာ အဆင်ကို မပြေဘူး
ဒီညတော့ မအိပ်ပဲကို လုပ်မှာ
0

#16

  • Group: Guests

Posted 02 October 2009 - 11:13 PM

Quote

port နေရာမှာ ဘာထည့်ရမှာလဲ အက်ဒမင် ခင်ဗျာ

21

အက်ဒတော့မမင်ဘူး. ကြုံလို့ ၀င်ဖြေပေးတာ.. မဟုတ်ရင်တော့ မသိ... :tomato:
0

#17

  • Group: Guests

Posted 03 October 2009 - 12:37 AM

ကျွန်တော့်မှာလည်း နေ့အိပ်မက်ပြထားတဲ့ ပုံလိုဖြစ်နေတာဗျ၊ ပုံနဲ့ တင်တိုင်း ပြုတ်ပြုတ်ကျနေလို့၊ Zip ဖြေထားတဲ့ wordpress ဖိုင်များကို မည်သည့် root ထဲသို့ မည်သို့ ထည့်သွင်းရမည် မသိပါ ခင်ဗျာ။ ကျွန်နက်ရှင်ကြောင့်လားတော့ မသိဘူး၊ ဖိုရမ်ကလည်း ခဏခဏ error ဖြစ်နေပါတယ်။ Quickconnect လုပ်ပြီး ဘာဆက်လုပ်ရမှာလဲ တစ်ခါခါ Status: Directory listing successful ဖြစ်လိုက်၊ နောက်တော့ Error: Connection closed by server ပြန်ဖြစ်သွားလိုက်နဲ့၊ ညစ်နေဘီ :dizzy:
0

#18

  • Group: Guests

Posted 03 October 2009 - 02:44 AM

zip နဲ့ ဖိုဒါတွေ တစ်ခုမှ တင်စရာမလိုပါဘူး..။ zip ဖိုင်တွေ ဖြေပြီးတင်ရပါမယ်..။ နောက်တစ်ခုက ဘယ်လို ပုံတွေတင်ရင် ပြုတ်ကျတာကို ပြောတာလဲ မသိဘူး..?
0

#19

  • Group: Guests

Posted 03 October 2009 - 02:47 AM

နောက်ဆုံးအနေနဲ့ ကျွန်တော်ပြောချင်တာက တကယ်လို့ ကိုယ့်ဘာသာ တင်လို့ Run လို့အဆင်မပြေဘူးဆိုရင် ကျွန်တော် တင်ပေးလို့ရပါတယ်..။ ကျွန်တော်က ကိုယ့်ဘာသာ တင်တတ် စေချင်လို့ ဘာမှ မလုပ်ပေးထားတာပါ..။ wordpress ကိုသုံးနေတဲ့ လူတစ်ယောက်အနေနဲ့ ကိုယ်တိုင် wordpress run တက်ဖို့လိုမယ်လို့ ကျွန်တော်ထင်လို့ပါ..။ ဘယ်လိုမှ အဆင်မပြေရင် ပြောပါ..။ ကျွန်တော် Run ပေးပါ့မယ်..။
0

#20

  • Group: Guests

Posted 03 October 2009 - 09:00 AM

ပုံနဲ့ တင်တိုင်း ပြုတ်ကျတယ်ဆိုတာက ဒီမှာ တင်ပြတာကို ပြောတာပါခင်ဗျာ။
wordpress ဆိုတဲ့ အထုတ်ကို ဖြေလိုက်ရင် နောက်ထပ် ဖိုဒါတွေ သုံးလေးခု နဲ့ ဖိုင်တွေ တွေ့ရတယ်ဗျာ၊ အဲဒီ အပေါ်က ဖိုဒါတွေကိုရော အကုန်ဖွင့်ပြီး တင်ရမှာလား၊ နောက်ပြီး ဘယ်မှာ ဘယ်လို တင်ရမှာလဲ၊ အဲလို မေးတာပါ ခင်ဗျာ၊ ကျွန်တော် လုပ်တော့ လုပ်ကြည့်ပါအုံးမယ်၊ နောက်ဆုံး မရတော့ ပြောမယ်နော်၊ ညက အိပ်သာ အိပ်လိုက်ရတယ်၊ အိပ်လို့လည်း မပျော်ပါဘူး၊ ကျွန်တော့်အတွက်တော့ သင်တန်းအသစ်တစ်ခု တက်ရသလိုပါပဲ၊ ပညာလည်းရ ပျော်စရာလည်း ကောင်းပါတယ်။ ကျွန်တော်လည်း ကိုယ်တိုင်ပဲ စမ်းလုပ်ကြည့်ချင်ပါတယ်၊ ခက်တာက ကွန် မကောင်းတာ ဗျို့။ :lol: :lol: :lol: :yahoo: :beg:
0

  • (5 Pages) +
  • 1
  • 2
  • 3
  • Last »
  • You cannot start a new topic
  • You cannot reply to this topic
  • Bookmark

1 User(s) are reading this topic
0 members, 1 guests, 0 anonymous users